![]()
|
|
ယခုချက်ချင်း ထုတ်ပြန်ရန် အတွက်
EnglishSpeak.com စကားပြော အင်္ဂလိပ်စာ လေ့လာရန် အခမဲ့ ဝက်ဆိုဒ် ဆောင်ရွက်သည်။ ကင်းဘရစ်၊ မက်ဆကျူးဆက် --- ဒီဇင်ဘာ ၁၀၊ ၂၀၀၈ – အင်္ဂလိပ်စာလေ့လာသူများ အတွက် အခမဲ့ ဝက်ဆိုဒ် အသစ် ရရှိကြပြီဖြစ်သည်။ Englishspeak.com သည် အသုံးပြုသူများ အတွက် နေ့စဉ် ဘဝ တွင် အသုံးပြုသော စကားစုများ နှင့် အပြန်အလှန်ပြောဆိုမှုများ ပါဝင်သော အသံဖိုင် ထောင်ပေါင်းများစွာ ပံ့ပိုးပေးခြင်းအားဖြင့် အင်္ဂလိပ်စာ လေ့လာရာတွင် လွယ်ကူစေပါသည်။ "အင်္ဂလိပ် စကားပြောနိုင်ငံများ တွင် အောင်မြင်မှုအတွက် အဓိကလိုအပ်မှုမှာ အင်္ဂလိပ်စာ ကို ကောင်းမွန်စွာ ပြောနိုင်ရန် ဖြစ်ပေသည်။ အင်္ဂလိပ်စကား ကောင်းမွန်စွာပြောနိုင်ပါက အခွင့်အရေးများစွာရရှိ၍ လူအများကလည်း ပိုမိုကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်ပေသည်။" ဂျင် မေလာ၊ Englishspeak.com ၏ ပြောရေးဆိုခွင့် ရှိသူ။ ဘာသာစကား သင်ကြားရေး တွင် ဦးဆောင်နေသည့် InstantSpeak LLC မှ ထုတ်လုပ်သည့် Englishspeak.com သည် အင်္ဂလိပ်စာ သင်ကြားရေးတွင် လိုအပ်သည်များကို မွေးရာပါ ပြောဆိုသူများမှ ဖန်တီးထားသည်။ အင်္ဂလိပ်စာသင်ကြားထောက်ကူ စာအုပ်အများစုသည် အင်္ဂလိပ်စကား မွေးရာပါ ပြောသူမဟုတ်သူများ မှ ရေးသားထားပြီး၊ ၎င်းစာအုပ်များကို အသုံးပြုသူများ ပြောကြားပါက အလွန်ပင် ထူးဆန်းနေတတ်သည်။ Englishspeak.com ကို မွေးရာပါ အသုံးပြုသူများ မှ ဖန်တီးထားပြီး၊ အပြန်အလှန်ပြောဆိုချက်များ သည် နေ့စဉ် ပုံမှန် အခြေအနေများ ကို ထင်ဟပ်စေသည်။ Englishspeak.com ဝက်ဆိုဒ် သည် အသံထွက် ကို အဓိက အထူးပြုထားသည်။ အသုံးပြုသူ၏ ကာဆာ ကို စာကြောင်း (သို့) စကားမှ စကားလုံးတစ်လုံး ပေါ်သို့ တင်လိုက်လျှင် ၎င်း စကားလုံး နှင့် ပတ်သက်သော အသံဖိုင် က အလုပ်လုပ်ပါ လိမ့်မည်။ စာကြောင်းများ ကို တစ်ကြောင်းချင်းသော်လည်းကောင်း (သို့) အပြန်အလှန်စကားပြော၏ အပိုင်း အနေနှင့် လည်းကောင်း နားထောင်နိုင်ပါသည်။ အသုံးပြုသူများသည် အပြန်အလှန် ပြောစကား များနှင့် စာကြောင်းများ ကို ပုံမှန် နှင့် အနှေးနှုံးများ ကို အသုံးပြု၍ နားထောင်နိုင်ပါသည်။ Englishspeak.com သည် ဝေါဟာရ နှင့် စကားစု အပိုင်းများ တွင် လည်း အသံဖိုင် များကို အင်္ဂလိပ် စကားလုံး နှင့် စကားစု ပေါင်း ၂၅၀၀ အတွက် ပြုစုထားပါသည်။
ဝက်ဆိုဒ် (ပါဝင်မှုများ အားလုံး အခမဲ့):
သင်ခန်းစာ စာရင်း:
# # # |
||