Burmese English Lesson: ဆရာဝန်နှင့် ချိန်းဆိုခြင်း။

      မူလစာမျက်နှာ   |   သင်ခန်းစာ ၁၀၀   |   အများဆုံးသုံး စကားစု ၁၀၀၀   |   အများဆုံးသုံး စကားလုံး ၁၅၀၀   |   ပံ့ပိုးမှု
ဘာသာစကားရွှေးချယ်ပါ:    English   الْعَرَبيّة   Bahasa Indonesia   Bengali   Burmese   Chin   Deutsch    Español   Français   हिन्दी   日本語   한국어    Portugues   Pусский   ไทย   繁體   Tiếng Việt    中文
 

   
သင်ခန်းစာ 53 - ဆရာဝန်နှင့် ချိန်းဆိုခြင်း။

သင်ခန်းစာ တစ်ခုချင်း စီ သည် နေ့စဉ် အမြဲတမ်း အပြန်အလှန် ပြောစကားများမှ လာသည်။ စာကြောင်း၏ အသံထွက် ကို နားထောင်ရန် အသံကော်လံ ရှိ စပီကာပုံ ကို နှိပ်ပါ။ စကားလုံးတစ်လုံးစီ ၏ အသံထွက် ကို နားထောင်ရန် စကားလုံး ၏ အပေါ်တွင် ကာဆာ ကို ထားရှိပါ။
အင်္ဂလိပ်စကားလုံး တစ်လုံးစီ၏ အဓိပ္ပါယ် ကို ကြည့်နိုင်ရန် စကားလုံး ကို နှိပ်ပါ။

အပြန်အလှန် ပြောဆိုမှု

ပုံမှန်နှုံး
 

အနှေးနှုံး

အပြန်အလှန် ပြောဆိုမှု စာကြောင်းများ

နာမည်:
မြန်မာဘာသာ/အင်္ဂလိပ (ဖုံးကွယ်ပါ)
အသံ
(နှေး)
အသံ
(ပုံမှန်)
Adam: ဟိုင်း၊ ဆရာဝန်နဲ့တွေ့ချင်လို့၊ ကျေးဇူးပြုပေးပါ။
Hi, I'd like to see the doctor, please.
Receptionist: ချိန်းထားသလား?
Do you have an appointment?
Adam: ဟင့်အင်း။
No.
Receptionist: ဘယ်အချိန်ချိန်းချင်သလဲ?
When would you like an appointment?
Adam: ကနေ့ဖြစ်နိုင်မလား?
Is today possible?
Receptionist: ဟုတ်ကဲ့။ ကနေ့ ဖြစ်နိုင်ပါတယ်။ ဘယ်အချိန်တွေ့ချင်သလဲ?
Yes. Today is fine. What time would you like?
Adam: အမြန်ဆုံးပဲ။ ဗိုက်အရမ်းနာနေတယ်။
As soon as possible. My stomach really hurts.
Receptionist: ခဏစောင့်ပါ။ ဆရာဝန် အားမအား ကြည့်ပေးမယ်။
Please wait a moment. I'll see if the doctor is available.
Adam: အိုကေ။
OK.
Receptionist: တောင်းပန်ပါတယ်။ လူနာရှိနေလို့ပါ။ နောက်ထပ် မိနစ် ၃၀ လောက်ဆိုရင်ဖြစ်နိုင်ပါတယ်။ စောင့်နိုင်မလား?
Sorry, he's with a patient right now. It's probably going to be about another 30 minutes. Would you mind waiting a little longer?
Adam: ပြဿနာမရှိပါဘူး။
No problem.
Receptionist: အာမခံကတ်ပြားကြည့်ခွင့်ပေးပါ။
May I see your insurance card please.
Adam: ဒီမှာပါ။
Here you are.
Receptionist: ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက် ၂၅ ဒေါ်လာကျပါတယ်။
Thanks. That's going to be 25 dollars for today's visit.
Adam: တကယ်လား? အဲဒီလောက်ဈေးမကြီးဘူးထင်လို့။
Really? I didn't think it would be that much.
Receptionist: ဘယ်လိုခံစားရမယ်ဆိုတာ သဘောပေါက်ပါတယ်။
I know how you feel.
Adam: ငွေသားနဲ့ပေးပါ့မယ်။
I'll pay with cash.
Receptionist: ကျေးဇူးတင်ပါတယ်။
Thank you.
Adam: အပူပေးစက်ဖွင့်လို့ရမလား? တကယ်ချမ်းတယ်။
Would you please turn on the heat? It's really cold in here.

  မူလစာမျက်နှာ    သင်ခန်းစာ ၁၀၀    အများဆုံးသုံး စကားစု ၁၀၀၀    အများဆုံးသုံး စကားလုံး ၁၅၀၀    ကျွန်ုပ်တို့ ကို ဆက်သွယ်ရန်   

Copyright, 2009, EnglishSpeak.com LLC. All rights reserved.
မူပိုင်ခွင့်၊ ၂၀၀၈၊ EnglishSpeak.com LLC. မူပိုင်ခွင့်များ အားလုံးထိန
း အားလုံ